အပိုင်း(၄၃) Unicode

1K 105 29
                                    

ရှောင်းကျန့်သူ့အခန်းထဲပြန်ရောက်သည်နှင့်အိပ်ရာပေါ်ခြေပစ်လက်ပစ်လှဲလိုက်သည်။ပါတီပွဲတက်သည့် ကိုယ်ပေါ်ရှိအဝတ်အစားများကိုလည်းလောလောဆယ်မလဲနိုင်သေး၊အိပ်ရာပေါ်ကဂွမ်းစောင်ဖြင့်တစ်ကိုယ် လုံးကိုလုံးထွေး၍တစ်ပတ်လှိမ့်လိုက်သည်။

ရှိန်းတိန်းတိန်းဖြစ်နေသည့်မျက်နှာကို မွေ့ရာပေါ်သို့အပ်ကာ တဒိန်းဒိန်းဖြစ်နေဆဲဖြစ်သည့်ရင်ဘတ်အောက်ထဲသို့ခေါင်းအုံးကိုလည်းထည့်ခုထားလိုက်​​၏။

ဒါနဲ့ဆိုဒီလူနဲ့သူနှုတ်ခမ်းချင်းထိတာ သုံးကြိမ်တိတိ။ပထမဦးဆုံးအကြိမ် က ရေအောက်ထဲမှာ၊ဒုတိယအကြိမ်က သူ့ဘက်ကမကျေနပ်လို့ တမင်တကာထိပစ်တာ။အခုတတိယအကြိမ်ကတော့ နှစ်ဦးနှစ်ဖက်သဘောညီစွာနဲ့ကို ပုံဖော်ခဲ့ကြခြင်း။

နူးညံ့တာလည်းမဟုတ်၊ အသက်ရှူဖို့နည်းနည်းခက်ခဲခဲ့တာတော့မှန်ပေမယ့် ကြမ်းတမ်းတဲ့အဆင့်လည်းမရောက်။ဘယ်လိုအထိအတွေ့မျိုးဆိုပြီးနှိုင်းယှဉ်ပြရအောင်လည်း ဒီအသက်အရွယ်ရောက်သည်အထိ သူဘယ် သူနဲ့မှ ဒီလိုမျိုးနမ်းခဲ့ဖူးတာမဟုတ်။

ဘယ်လိုမျိုးလဲဆိုတော့...ဒီတိုင်း...ဒီတိုင်းအနေတော် လေး။အပေးအယူမျှမျှတတလေးနဲ့တကယ်ကိုတစ် မျိုးလေး။လှိုင်းပြေပြေလေးမှာရေလွှာလျှောစီးရသလိုရင်ထဲတလှပ်လှပ်နဲ့ငြိမ့်ငြိမ့်လေး။

ဟာ...ဘာလဲကွာ။

ရှောင်းကျန့် သူ့အတွေးနဲ့သူ သူ့ကိုယ်သူပြန်ရှက်မိတာကြောင့်မျက်နှာရဲတက်လာပြီး ရစ်ပတ်ထားသည့် စောင်​၏အနားသားကိုအရှေ့သွားနှစ်ချောင်းဖြင့် ကိုက်ဆွဲပစ်လိုက်​၏။

ခြေချောင်းလေးများကိုလည်းကုပ်ကွေးကာ အိပ်ရာပေါ်တွင်ဟိုလှိမ့်ဒီလှိမ့်လုပ်နေသည့်အခါဘယ်ဘက် ခြေကျင်းဝတ်ပေါ်က foot chain လေးကလည်းတချွင်ချွင်မြည်နေတော့​၏။

ရှောင်းကျန့်လူးလိမ့်နေရာမှ ထထိုင်ကာ စောင်ထဲမှထွက်ပြီး ထို foot chain ကို လက်ချောင်းများဖြင့်ထိတွေ့လိုက်​၏။ပူးကပ်တွဲလျက်ဖြစ်နေသည့်Leo နဲ့ Libra ရာသီခွင်အမှတ်သားလေးများကိုထပ်မံကြည့်မိ၍ လည်း...

Ineluctable Where stories live. Discover now