အပိုင်း(၂၃) Unicode

754 109 28
                                    

"အရှင်..."

"အရှင်..."

နှစ်ခြိုက်စွာအိပ်မောကျနေသည့်အချိန်တွင်ဘေးမှခေါ်သံသဲ့သဲ့ဖြင့်နှိုးနေသည်ကိုဝမ်ရိပေါ်ကြားနေရသည်။သို့သော်နေ့စဉ်ဆိုသလိုတစ်နေကုန်စစ်လေ့ကျင့် ရေး၌ခြေကုန်လက်ပန်းကျပင်ပန်းထားသည်ဖြစ်၍ သူ​၏မျက်လုံးတို့သည်ချက်ချင်းပွင့်လာခြင်းမရှိဘဲခန္ဓာကိုယ်တစ်ချက်သာလှုပ်လာပြီး တစ်ဖက်သို့လှည့်သွားသည်။

"အရှင်..."

"အရှင်..."

ဝမ်ရိပေါ်​၏လက်မောင်းသည်လက်နှစ်ဖက်ဖြင့်အ တင်းကိုင်လှုပ်ခြင်းခံနေရသည်။လည်ချောင်းသံတစ်ခုဖြင့် မာန်လိုက်သော်လည်း လှုပ်နှိုးနေမှုသည်ရပ်တန့် သွားခြင်းမရှိဘဲ...

"ဖြန်း...! "

ကျိန်းစပ်ပူထူသွားသည့်လက်မောင်းကြောင့် ဝမ်ရိပေါ်​၏မျက်လုံးများဖျတ်ခနဲပွင့်လာပြီး လှဲနေသည့်သူ့နံဘေးဒူးတုပ်ထိုင်နေသော အတင့်ရဲလွန်းသည့်တရားခံကိုအမှောင်ထဲ၌ စူးရဲနေအောင်ကြည့်လိုက်သည်။

"အင့်~~"

ဝမ်ရိပေါ် ဘာမှပင်မပြောရသေး။ငိုသံလိုလို တုန်ရီနေသည့်အသံကိုကြားလိုက်ရသည်ကြောင့် အိပ်နေရာမှထထိုင်လိုက်ပြီး အိပ်ရာဘေးမှာရှိနေသည့်မီးခွက်ကိုမီးညှိလိုက်သည်။မီးရောင်အောက်တွင်မြင်နေရသောမျက်နှာထက်တွင် ပါးပြင်တစ်လျှောက်မျက်ရည်များစီးကျနေသည်ကို တွေ့နေရသည့်အခါအလိုမကျစွာမျက်ခုံးများကိုတွန့်ချိုးလိုက်ပြီး...

"ဘာဖြစ်တာလဲ..."

"အရှင်~~"

"အေး မေးနေတယ် ဘာဖြစ်တာလဲလို့...! "

လိုရင်းကိုချက်ချင်းမပြောသည်ကြောင့်ဝမ်ရိပေါ်ဒေါသထွက်စွာအော်လိုက်လျှင် ရှောင်းကျန့်တစ်ကိုယ်လုံးတုန်တက်သွားသလိုရှိပြီး...

"အဘိုး...အဘိုးတစ်ခုခုဖြစ်နေတယ်~~အိပ်မက်ဆိုးမက်တယ်~~"

"ဘာမှဖြစ်မနေနဲ့ အိပ်မက်ဆိုတာအိပ်မက်ပဲ..."

ဝမ်ရိပေါ်ပြောပြီး မီးခွက်ကိုငြိမ်းလိုက်ကာ ပြန်လှဲအိပ် လိုက်​၏။ရှောင်းကျန့်​၏ခန္ဓာကိုယ်ကိုပါဆွဲလှဲဖို့လုပ်သည့်အခါ ရှောင်းကျန့်တောင့်ထားပြီး...

Ineluctable Where stories live. Discover now