ရင်ဘတ်ထဲတဒိတ်ဒိတ်ဖြစ်နေခြင်းနှင့်အတူရှောင်းကျန့်နိုးလာသည်။သောက်ထားသည့် အရှိန်ကြောင့် အနည်းငယ်ကိုက်ခဲနေသည့်နားထင်နေရာများကိုထိန်းကိုင်ထားရမည့်အစား သူ၏လက်သည်အကြောင်းပြချက်မဲ့တလှပ်လှပ်ဖြစ်နေသော ဝဲဘက်ရင်အုံငယ်ပေါ် ၌ရောက်ရှိနေသည်။
ညတုန်းက သူအရက်သောက်ခဲ့သည့်အစပိုင်းအချိန် များကိုမှတ်မိသော်လည်း၊ ဘယ်အချိန်မှာမှောက်သွားပြီးဘယ်အချိန်မှာအိပ်ခန်းထဲဘယ်လိုနည်းနဲ့ပြန်ရောက်လာသည်ကိုတော့မှတ်မိခြင်းမရှိတော့။
ဒီလိုမျိုးသောက်ရင်မှောက်အောင်သောက်ပြီး၊မှောက် သွားရင်ဘာဆိုဘာမှမသိတော့သည့်အကျင့်သည်လုံးဝမကောင်းသည်ကြောင့် သူပြင်ကိုပြင်ရမည်။
ရှောင်းကျန့် မိမိကိုယ်ကိုဆုံးမပြီးနောက် လက်တစ်ကမ်းအလိုမှာရှိနေသည့်ဖုန်းကိုယူကြည့်လိုက်၏။မနက် ၈ နာရီခွဲသာရှိသေးသည်ကြောင့် မီရှီဂန်သို့ ဒီယေဂိုရောက်ရှိသေးခြင်းမရှိဟုသိရပြီး၊ လွန်ခဲ့သည့် နာရီဝက်ခန့်က ဝင်ထားသည့်စာတစ်စောင်ကိုဖတ်လိုက်၏။
"နိုးရင် အသိပေး..."
စာဖတ်ပြီးနောက် ရှောင်းကျန့်ပြုံးမိသည်။ဖုန်းကိုထောင်လိုက်ပြီး သူ့ဆံနွယ်များကိုလည်တိုင်တစ်ဖက်ခြမ်းသို့ကပိုကရိုသိမ်း၍ ခပ်စောင်းစောင်းမျက်နှာအနေအထားလေးဖြင့် selfie တစ်ပုံရိုက်လိုက်ပြီးလျှင်စာတစ်စောင်နှင့်အတူပို့လိုက်၏။
"Morning ဝမ်..."
"နိုးပြီဆို မနက်စာပြင်ပြီး လာပို့ခိုင်းလိုက်မယ်..."
ပို့ပြီး ငါးစက္ကန့်ပင်မကြာတစ်ဖက်မှပြန်စာရောက်လာသည်ကြောင့် ရှောင်းကျန့်မျက်ခုံးပင့်လိုက်သည်။မသိရင် သူ့စာကို တစ်ချိန်လုံးထိုင်စောင့်နေခဲ့သည့်အတိုင်း။
"Alright..."
ရှောင်းကျန့် လိုရင်းတိုရှင်းသာပြန်ပို့ကာ ဖုန်းကိုချလိုက်ပြီးလျှင်သူမနက်တိုင်းလုပ်နေကျကိစ္စရပ်များကိုလုပ်ရန်အိပ်ရာမှထ၏။
ရေချိုးခန်းမှထွက်လာပြီးနောက် အိမ်နေရင်း လွတ်လွတ်လပ်လပ်အဝတ်အစားများကိုရှောင်းကျန့်ရွေးချယ် ခဲ့သည်ဖြစ်ရာ၊ ပေါင်လယ်ထိဖုံးသည့်ခပ်ပါးပါး ရှပ်လက်ရှည်အင်္ကျီအပွနှင့် ပေါင်လယ်နားရောက်ခါနီးထိအရှည်ရှိသည့် အသားကပ်ဇာခြေအိတ်အရှည်အဖြူရောင်တို့ကခန္ဓာကိုယ်ထက်နေရာယူထားပြီးခြေတစ်လှမ်းလှမ်းတိုင်း ရှပ်အင်္ကျီနှင့်ဇာခြေအိတ်တို့ ထိစပ်မှုမရှိလစ်ဟာနေသောနေရာမှပေါင်သားဖွေးဖွေးတို့ကပေါ် လွင်နေ၏။
YOU ARE READING
Ineluctable
Randomရိုးတံနက်နက် စံပယ်တစ်ပွင့်သည် ကေသရာဇာ၏ နှလုံးသားအလယ်ဗဟိုတွင်တည့်တည့်စိုက်၏။ Cover Photo Crd: