အပိုင်း(၄၂) Unicode

1.1K 129 38
                                    

ကောင်းကင်ထက်၌ နေမင်းကွယ်ပျောက်၍ ကြယ်ရောင်စုံကာ လမင်းထွက်ပေါ်နေပြီဖြစ်သည်။

မြို့တော်လမ်းမတစ်ဖက်တစ်ချက်စီ၌ကြိုဆိုနေကြသည့် တိုင်းသူပြည်သားများ​၏ချီးမွမ်းဆုတောင်းသံများသည်ဝမ်ရိပေါ်​၏နားထဲအပြည့်အစုံဝင်ခြင်းမရှိ။

မြင်း​၏ဇက်ကြိုးကိုဝမ်ရိပေါ်ကျစ်နေအောင်ကိုင်ထားလျက်မြင်းကိုအပြင်းနှင်နေ​၏။ကိုယ်ပေါ်၌သံချပ်ကာဝတ်ဆင်ထားခြင်းကြောင့်သာခံသာ​သည်။မဟုတ်ပါက မြင်းသွားနေသည့်အလျင်နှင့်လေအဟုန်​၏ပေါင်းစပ်မှုသည်နုနယ်သူတစ်ဦးအား နှလုံးရပ်သွားစေနိုင်သည်အထိ တတ်စွမ်းနိုင်တာဖြစ်​၏။

ခါတိုင်းစစ်နိုင်ပြီးပြန်လာပါက၊အောင်မြေအတူနင်းလာခဲ့သည့်စစ်သည်ရဲမက်များ​ကိုတခမ်းတနားဝန်းရံလာခြင်းဖြစ်ပြီး၊ယခုမှာမူအတူတူပြန်လာကြသည့်စစ်သည်များသည်အနောက်၌ပြတ်ကျန်ခဲ့လို့နေပြီဖြစ်​၏။

ဝမ်ရိပေါ်​၏မျက်နှာကိုကြည့်ချင်ကြသည့်ပြည်သူများအနေနဲ့လည်းဖျတ်ခနဲတွေ့လိုက်ရသည်ပင်မဟုတ်ဘဲ၊ လေအလျင်လိုဒုန်းစိုင်းပြေးသွားသည့် မြင်းခွာနောက်၌ကျန်ရစ်ခဲ့သောဖုန်လုံးဖုန်ခိုးများကိုသာမြင်လိုက်ရခြင်းဖြစ်​၏။

မြို့တွင်းတောက်လျှောက်ကြားထဲတစ်ချက်မှရပ်နားခြင်းမရှိခဲ့သည့်ဝမ်ရိပေါ်သည်နန်းတော်တံတိုင်းများကို စတင်လှမ်းမြင်နေရပြီဖြစ်သည့်အချိန်တွင်မြင်းကိုအရှိန်အနည်းငယ်လျှော့ချလိုက်ရင်း၊နန်းတော်တံခါးဝရောက်ခါနီး၌ပုံမှန်ထက်နှေးသည့်နှုန်းအထိလျော့ချလိုက် သည်ဖြစ်ရာ၊ မြင်းကိုအသည်းအသန်နှင်လာခဲ့သည့်ဟန် တစိုးတစိမှပင်မရှိတော့။

သူရောက်နေပြီဖြစ်ကြောင်းစတင်အသိပေးနေသည့်နန်းတွင်းရှေ့တော်ပြေး​၏ အသံကြောင့်ဝမ်ရိပေါ်သူ​၏ပုံပန်းသွင်ပြင်ကိုတစ်ချက်ကြည့်ပြီးကိုယ်ဟန်ကိုမတ်နေအောင်နေလိုက်​၏။ထို့နောက် နဂိုတည်၍မာန်တင်းနေသည့် မျက်နှာထားဖြင့် မြင်းပေါ်မှထည်ဝါစွာလိုက်ပါလာခဲ့​၏။

နန်းရင်ပြင်ဆီသို့ မြင်းခွာချလိုက်သည်နှင့် ဝမ်ရိပေါ်​၏ မျက်ဝန်းများသည် နန်းရင်ပြင်အလယ်၌သူ့ကိုစောင့် ကြိုနေကြသည့်လူတစ်စုထံသို့ရှေးဦးစွာရောက်ရှိသွားသည်။ရေစင်အိုးကိုင်ထားကြသည့်လူများ​၏မျက်နှာကိုအယောက်စေ့ကြည့်လို့နေကာ၊မျက်ခုံးများတွန့်ချိုးလျက်အကြည့်တို့သည်တဖြည်းဖြည်း အရောင်ရင့်လို့လာ​ရင်း...

Ineluctable Where stories live. Discover now