🌠16🌠(final )

3.6K 185 30
                                    

Unicode

ဂျောင်ဂုတစ်ယောက် အိပ်ယာပေါ်တွင် ချွေးတွေထွက်နေကာ အိမ်မက်ဆိုးမက်နေလေသည်။

အိမ်မက်ဆိုးဆိုတာထက် ဂျိုဆွန်းခေတ်ကအကြောင်းကို မက်နေခြင်း ဖြစ်သည်။

ဂျောင်ဂု သူကိုမာဝင်ပြီး ပြန်မနိုးလာခင်ကလဲ ထိုအိမ်မက်ကိုမက်ခဲ့သည် သူတို့လေးယောက်လုံး သေဆုံးခဲ့သည်ကိုပေါ့...။

အခုလဲ ထိုနည်းတူ အဲ့အိမ်မက်ကိုဘဲ ဆွဲဆွဲမြဲမြဲမက်နေတာ တစ်ပတ်လောက်ရှိပြီ ဖြစ်သည်။

ထယ်ယောင်းက ဂျောင်ဂုကို အဖြေမပေးသေးသောလည်း မငြင်းသေးတာကြောင့် ဂျောင်ဂုအမြဲထယ်ယောင်းနား ကော်လိုကပ်ကာ နေနေလေ့ရှိပေမဲ့ ထယ်ယောင်းအား မြင်ဖူးသလို ရင်နှီးဖူးခဲ့သလိုအမြဲခံစားနေရလေသည်။

အိမ်မက်ထဲတွင်လဲ ဂျိုဆွန်းခေတ်က ထယ်ယောင်းနဲ့ဂျောင်ဂုအကြောင်းဘဲ မက်နေသောကြောင့် ဂျီဟိုကို ဖုန်းဆက်ပြီး ပြောပြတော့ ဂျီဟိုက ဟယ်ဂျင်းကော သူမကောအဲ့အိမ်နက်ကိုခုတလောမက်နေကြောင်း ပြောပြတော့ ဂျောင်ဂုအံ့သြမိသွားပေမဲ့ အတည်ပြုရန် ထယ်ယောင်းစီသွားကာ အတည်ပြုခဲ့သည်။

ဟုတ်နေခဲ့တယ်...ထယ်ယောင်းချစ်တဲ့ဂျွန်ဆိုတာ သူဘဲ...ထယ်ယောင်းက သူဂျွန်ဆိုပြီး ဖက်ငိုခဲ့ပေမဲ့ အခုထိ ဂျောင်ဂုအား အဖြေမပေးသေးပါ...။

ဂျောင်ဂုလဲ တွေးနေတာရပ်ပြီး ချွေးထွက်နေသော ခနာကိုယ်အား ရေချိုးကာ ညသုံးနာရီကြီး ထယ်ယောင်းအိမ်သို့ ကားမောင်းကာ ထယ်ယောင်းအိမ်သို့ ထွက်ခဲ့လေသည်။

တီးတောင်...တီးတောင်...။

ထယ်ယောင်း အိပ်မပျော်သောကြောင့် ရေထသောက်ရင်း ဘဲလ်တီးသံကြားလိုက်ရသောကြောင့် ညဘက်ကြီး လာမဲ့သူမရှိတာကြောင့် အနည်းငယ်လန့်မိသွားပေမဲ့ တံခါးတွင်ထားထားသော မှန်ဘီလူးကို ကြည့်လိုက်တော့ ဂျောင်ဂုဖြစ်နေတာကြောင့် ထယ်ယောင်းလဲ ​ဖွင့်ပေးလိုက်လေသည်။

တံခါးဖွင့်ဖွင့်ချင်း အဖြူရောင် ညဝတ်ဝမ်းဆက်လေးနဲ့ မျက်လုံးပြူးကာ ကြည့်နေသော ထယ်ယောင်းကို တွေ့ရတော့ ေဂျာင်ဂုနှလုံးသားတစ်ခုလုံး ပိုင်ရှင်အစစ်အမှန် တွေ့လိုက်ရသလို နွေးထွေးသွားပြီး အူကြောင်ကြောင်လေးရပ်နေသော ထယ်ယောင်းအား ဖက်လိုက်မိသည်။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Aug 16, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ