🌠3🌠

3.1K 215 19
                                    

Unicode

"ထယ်ယောင်းက ခေါင်းထိသွားတာလား... "

"ဟုတ်တယ်...အရှင် ...မယ်မယ်က ရေထဲကျတဲ့အချိန် ခေါင်းထိသွားပြီး အတိတ်ကအဖြစ်အပျက်တွေ ခနတာမေ့နေနိုင်တယ်ဆိုပြီး သမားတော်ကြီး ပြောသွားတယ် အဲ့ဒါကြောင့် လောလောဆယ် ဘယ်သူ့ကိုမှ မမှတ်မိပါဘူး...အရှင်..."

"အင်း ငါထင်သားပဲ... အရင်က ထယ်ယောင်းကို ငါ့ကိုဆို မော့တောင်မကြည့်ရဲဘူးလေ...အခုက ထမင်းတူတူစားဖို့ လက်ယက်ပြီးတောင် ခေါ်လိုက်သေးတယ်လေ..."

"မယ်မယ်ကို သူသတိမရခင်ထိ ခွင့်လွှတ်ပေးပါ ကျွန်တော်မျိုး တောင်းဆိုပါတယ် အရှင်..."

ထယ်ယောင်းဘေးမှာ ငယ်ငယ်ထဲက နေခဲ့သော အထိန်းတော်ကြီးက ထယ်ယောင်းလေးကို မထိခိုက်စေချင်တာကြောင့် ထိုသို့​ပြောလိုက်ခြင်းဖြစ်သည်။

"အင်း အထိန်းတော်ကြီး ကဘဲ ထယ်ယောင်းကို သေချာဂရုစိုက်လိုက်ပါ... ထယ်ယောင်းကို နေမကောင်း ဖြစ်စေချင်တဲ့ တစ်ယောက်ရှိတယ်လေ..."

အထိန်းတော်ကြီးက သူသိပါတယ်ဆိုပြီး ဂျောင်ဂုအား ခေါင်းငြိမ့်ပြလေသည်။

ဂျိုဆွန်းပြည်ကို အုပ်ချုပ်သော ဂျွန်ဘုရင်က ချစ်ကြည်ရေးအဖြစ်သာ ကြင်ယာတော်သုံးယောက်ရှိသော်လည်း မည်သူ့ကိုမှ မိဖုရားခေါင်ကြီး နေရာမပေးရသေးပင်။

ဂျွန်ဘုရင်၏ ပထမဆုံးယူတဲ့ မိန်းမမှာ လီဟယ်ဂျင်း ဖြစ်ပြီး သူမက အလွန်လှပသော မိန်းခလေးတစ်ယောက် ဖြစ်သော်လည်း ဒယ်ယန်းဆိုသော ဂျိုဆွန်းထက် အနည်းငယ်မျှသာ ငယ်သော တုိင်း​ပြည်က ဘုရင်ရဲ့ပထမဆုံး သမီးတော် ဖြစ်တာကြောင့် ရုပ်လေးလှသလောက် သူမက မောက်မာလေသည်။သူမက မိဖုရားခေါင်ကြီး နေရာလိုချင်သော်လည်း မပေးသော ဂျွန်ဘုရင်ကြောင့် သူမသည် တိတ်ဆိတ်ကာနေပေမဲ့ သူမရဲ့စိတ်ထဲမှာတော့ မိဖုရားခေါင်ကြီး ဖြစ်ကိုဖြစ်ရမယ်လို့ ကျိန်းဝါးထားသည်။
ဒါမှ သူမအဖေ တိုင်းပြည်ပိုပြီး ဂုဏ်တက်မှာလေ...။

ဂျွန်ဘုရင်၏ ဒုတိယမြောက် ကြင်ယာတော်မှာ မင်ဂျီဟိုဖြစ်ပြီး သူမရဲ့ မျက်နှာလေးက အမြဲ​ြကည်လင်အေးချမ်းနေသလို သူမရဲ့ နှလုံးသားလေးကလဲ အေးချမ်းလေသည်။
သူမက ဂျွန်ဘုရင်ရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး မှုးမတ်တစ်ဉီးရဲ့ သမီးဖြစ်လေသည်။
သူမအား မဖြစ်မနေယူရသည်ကို သိသော ဂျီဟိုကအထွန့်တက်ခြင်း မရှိသလို့ နန်းတွင်းထဲမှာ အစေခံတွေကို အမြဲကူညီပြီး ရိုးရှင်းစွာဘဝကို ဖြတ်သန်းလေသည်။

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now