🌠14🌠

2.4K 162 20
                                    

Unicode

" သား...နိုးလာပြီလား..."

ထယ်ယောင်း တစ်ကိုယ်လုံးကိုက်ခဲနေကာ မူးနောက်နေသောခေါင်းကြောင့် အုိမားအသံကြားသောလဲ ပြန်မထူးမိပေ...။

ထယ်ယောင်း တဖြည်းဖြည်းချင်း မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အဖြူရောင်မျက်နှာကျက်တစ်ခုကိုတွေ့ရလေသည်။

ထယ်ယောင်း စိတ်ထဲတွင် သူဆိုလ်းကိုပြန်ရေူက်နေပြီးမှန်း အတပ်သိလိုက်ပါသည်။

အိုမားက​တော့ သူ့ကိုခနထားခဲ့ကာ ဆရာဝန်သွားခေါ်ပုံရသည်။

ထယ်ယောင်းသည် ေဘးဘီဝှဲယာကို ကြည့်လိုက်တော့ တံခါးဝနားမှာ ရပ်နေသော လူတစ်ယောက်ကို တွေ့တာကြောင့် အားတင်းကား ထထုိင်လိုက်တော့ ဂျွန်နဲ့တူတဲ့လူတစ်ယောက်ကို တွေ့ရလေသည်။

ဒါပေမဲ့ ထယ်ယောင်းလှမ်းခေါ်ဖို့ လုပ်နေတုန်းရသေး ထိုလူက ထွက်သွားလေသည်။

ထယ်ယောင်းလဲ အနောက်ကလိုက်ဖို့ လုပ်သော်လည်း ထုံကျင်နေသော ​ခေထောက်တွေကြောင့် လိုက်သွားဖို့မဖြစ်နိုင်ခဲ့ပါ...။

မကြာခင်မှာဘဲ အိုမားက ဆရာဝန်တချို့နဲ့အခန်းထဲဝင်လာလေသည်။

ဆရာဝန်တွေက စစ်ဆေးစရာရှိတာ စစ်ဆေးပြီး ထယ်ယောင်း ကိုမာဝင်နေတာ တစ်နှစ်ရှိပြီဖြစ်ကြောင်းပြောပြလေသည်။

အက်စီးဒန့်ကြောင့် ကိုမာဝင်သွားပြီး ခြေထောက်တွေထိခိုက်သွားတာမို့ ဘဲလေးကလို့မရတော့ကြောင်း ဆရာဝန်ပြောတဲ့အချိန် ထယ်ယောင်းရဲ့ နှလုံးသားတစ်ခုလုံး နာကျင်သွားရသည်။

ငယ်ငယ်ထဲက အိမ်မက်ဖြစ်ခဲ့သော အိမ်မက်လေး ဆုံးရှုံးရသောကြောင့်ဖြစ်သည်။

ပြီးတော့ ထယ်ယောင်းနဲ့အတူ ကားတိုက်မိပြီး ကိုမာဝင်တဲ့သူလဲရှိတယ်ပြောတယ်...ထယ်ယောင်း ဝှီးချဲ့ပေါ်တက်ပြီး ထိုသူ့စီသွားတွေ့ရန် ဆုံးဖြတ်လိုက်လေသည်။

နှစ်ယောက်လုံး အမှားဖြစ်ပေမဲ့ ထယ်ယောင်း ထိုလူအားတွေ့ဖူးချင်ပါသည်။

နှစ်ဖက်လုံးမှားသောကြောင့် ထိုလူ၏အိမ်မက်တခုခုလဲ သူ့လိုပင် စွန့်လွှတ်ရနိုင်တာမို့ သတင်းမေးဖို့ ဘေးခန်းရှေ့တွင် ထယ်ယောင်းသည် ဝှီးချဲ့ဖြင့်ရောက်နေပြီဖြစ်သည်။

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now