🌠15🌠

2.5K 161 36
                                    

Unicode

"ခနနေ ပန်းခြံသွားမလား ထယ်ယောင်း..."

"အင်း...သွားမယ်လေဂျောင်ဂု..."

နောက်နှစ်ရက်နေရင် ဆေးရုံဆင်းရတော့မှာမို့ ဂျောင်ဂုနဲ့အတော်အသင့်ပင် ရင်းနှီးနေပြီဖြစ်သည်။

"အင်း...ခနနော်... ပြီးရင် ကိုယ့်သူငယ်ချင်းနှစ်ယောက်လာမှာ သူတို့နဲ့တူတူသွားရအောင်..."

ဂျောင်ဂုပြောနေရင်းပင် တံခါးဖွင့်ကာ ဝင်လာသော ခပ်ချောချောကောင်မလေးနှစ်ယောက်။

ထိုကောင်မလေးနှစ်ယောက် ဂျောင်ဂုနားရောက်လာမှ သေချာကြည့်မိသော ထယ်ယောင်းမှာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားမိလေသည်။

စစဝင်လာတုန်းက ထယ်ယောင်း သတိမထားမိပေမဲ့ အနီးကပ်လာမှ ထိုမိန်းခလေးနှစ်က ဂျီဟိုနဲ့ဟယ်ဂျင်းဖြစ်နေမှန်း သိလိုက်ရလေသည်။

ဂျီဟိုက စပုိရှပ်အမဲအပွကို ဘောင်းဘီအပွနဲ့ဝတ်ထားပြီး ဟယ်ဂျင်းကတော့ အကျီခါးတိုလေးနဲ့ စကတ်အတိုပန်းရောင်လေးနဲ့ တွဲဝတ်ထားလေသည်။

နန်းတွင်းထဲမှာတုန်းကတောင် အလွန်လှပသောသူမတို့နှစ်ယောက်ကလဲ အခုလဲလှနေတုန်းပင်...။

"ထယ်ယောင်း...ဒီဘက်ကအမဲနဲ့ကဂျီဟို...ကိုယ့်သူငယ်ချင်း...ဟိုဘက်ကဂျီဟိုချစ်သူ...ဟယ်ဂျင်း...နှစ်ယောက်လုံးက ကိုယ့်သူငယ်ချင်းတွေလေ..."

"ချစ်...ချစ်သူ..."

" ဟုတ်တယ်...ထယ်ယောင်း..."

ထယ်ယောင်းမှာ ထပ်ကြားလိုက်ရသော စကားကြောင့် ပါးစပ်အဟောင်းသားပင် ဖြစ်သွားလေသည်။

ဂျိုဆွန်းမှာတုန်းက...ဂျီဟိုကဂျောင်ဂုကိုချစ်ခဲ့ပြီး...ဟယ်ဂျင်းက သူ့ကိုချစ်ခဲ့တာ...သိပါသည်။

အခုလို ဂျီဟိုနဲ့ဟယ်ဂျင်းက တွဲနေတော့လဲ တစ်မျိုး ကောင်းတာဘဲမို့ ထယ်ယောင်းလည်း...။

"နှစ်ယောက်လုံးက... အရမ်းလိုက်ဖက်တာဘဲ..."

"ကျေးဇူးပါ... ထယ်ယောင်းရှီး..."

"ရပါတယ်...ဂျီဟို ပေါ့ပေါ့ပါးပါးဘဲ ခေါ်ပါ..."

"ဟုတ်..."

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Место, где живут истории. Откройте их для себя