🌠1🌠

6.2K 255 42
                                    

Unicode

"ကင်မ်ထယ်ယောင်း ကလေ...မြန်မြန်..."

"nae..."

ထယ်ယောင်းသည် ယောက်ကျားလေး တစ်ယောက်ပါ သို့သော် အိုမားက ထယ်ယောင်းအား ဘဲလေးက အဖွဲ့ထဲ ထည့်ထားလေသည်။

ဘဲလေးကအဖွဲ့တွင် ထယ်ယောင်းတစ်ယောက်ထဲ ယောက်ကျားလေးဖြစ်ပြီး ကျန်တာက မိန်းခလေးတွေ ဖြစ်လေသည်။

အိုမားက အရင်ကနာမည်ကြီး ဘဲလေးအကမယ် ဖြစ်သောကြောင့် မိန်းခလေးမမွေးတဲ့ အိုမားက ထယ်ယောင်းကိုမွေးပြီး နောက်ထပ်ကလေးမရနိုင်တော့တာကြောင့် အာပါးနဲ့ ယူလိုက်ရလို့ သူမအိမ်မက်တွေကို စွန့်လွှတ်လိုက်ရတဲ့ အိုမားက ထယ်ယောင်းကို ဘဲလေးအက အဖွဲ့သို့ဝင်ခိုင်းပါသည်။

ထယ်ယောင်းသည် ယောက်ကျားလေး ဖြစ်ပေမဲ့ ခါးသေးပြီး ပခုံးမကျယ်ဘဲ ပေါင်ကလဲသွယ်သလို တင်ကလဲကားပါသေးသည်။

ထိုကြောင့် အိုမားက ထယ်ယောင်းကို ဘဲလေးအကအဖွဲ့သို့ ဝင်စေခြင်းဖြစ်သည်။

ထယ်ယောင်းသည် တစ်ပတ်ခါတွင် ရှိသော ပြိုင်ပွဲကြောင့် ညနက်တဲ့ထိ လေ့ကျင့်နေခြင်းဖြစ်သည်။

လေ့ကျင့်ပြီးတော့...။

"ထယ်လေး ဒီနေ့ကော ခနာကိုယ်က အဆင်ပြေရဲ့လား..."

" အင်း...ခနာကိုယ်က အဆင်ပြေတယ် ခြေထောက်ဘဲ နည်းနည်းနာတယ်..."

"ဒီလိုဘာဘဲ တစ်ကိုယ်လုံးရဲ့ ဝိတ်ကို ခြေထောက်က ထိတ်းထားရတာ နာတာပေါ့ အိုမားသိပါတယ် အိမ်ရောက်ရင် ဆေးလိမ်းပေးမယ်..."

ထယ်ယောင်းလဲ အိမ်ပြန်ရောက်တော့ ညစာစားပြီး အိုမားက ဆေးလိမ်းပေးကာ တစ်ပတ်ခါပြိုင်ပွဲအတွက် ပြင်ဆင်နေလေသည်။

ပွဲတော်နေ့ရောက်သော်...။

"အဆင့်သင့် ဖြစ်ပြီလား ထယ်လေး..."

"အင်း သားအရင်သွားနှင့်နော်...အိုမား အလုပ်ကိစ္စလေး ရှိလို့ခနနေရင် လိုက်လာခဲ့မယ်နော်..."

"ဟုတ်ပါပြီ..."

ထယ်ယောင်းလဲ အဖြူရောင် အကျီလေးနဲ့ဘောင်းဘီလေးတွဲဝတ်ထားကာ နားတွင် ငှက်မွှေးနားကပ်လေးကို တပ်ဆင်ထားလေသည်။

☄️𝖨𝗇𝖿𝗂𝗇𝗂𝗍𝗒 𝗈𝖿 𝗅𝗈𝗏𝖾☄️(Completed )Where stories live. Discover now