One Shot

118 20 15
                                    


"ယူဂျင်း"

"ဗျာ"

"ဒီနေ့ OTဆင်းပေးလို့ရမလား"

"ကျွန်တော်က ကြာသပတေးနေ့မှလေ"

"အကူအညီတောင်းတာပါ အကို့ကလေးနေမကောင်းလို့ ။ကြာသပတေးကြရင် အကိုပြန်ဆင်းပေးမယ်လေ"

"ဟုတ် အဲ့ဆိုရင်လည်းလဲကြတာပေါ့ "

"ကျေးဇူးပါ"

"ရပါတယ်"

ဟန်ယူဂျင်း။
နာမည်ကအစနွေးထွေးမှုတွေပြည့်နှက်နေတဲ့လူသား။လူတိုင်းအပေါ်စာနာစိတ်၊မေတ္တာစိတ်နဲ့ဖော်ဖော်ရွေရွေဆက်ဆံတတ်တယ်။
လူတိုင်းကယူဂျင်းကိုချစ်ကြတယ်။
ယူဂျင်းရဲ့ဘဝကပျော်စရာတွေနဲ့ပြည့်နေတယ်ဆိုလည်းမမှားပါဘူး။ ယူဂျင်းမှာ ညီမလေးတစ်ယောက်ရှိတယ် ဟန်ယူနာ တဲ့။ ယူဂျင်းကသူ့ညီမလေးကိုသိပ်ချစ်တာ။မိဘတွေမရှိတော့ပေမယ့် အကိုလို အဖေလိုမျိုး ညီမလေးရဲ့ဖြစ်ချင်သမျှအလုပ်တွေ လိုချင်သမျှအရာတွေကိုဖြည့်ဆည်းပေးတတ်တယ်။

__________________________

Ring __Ring
"Hello"

"ဟယ်လို ကိုကို ပြန်မလာဘူးလား "

"ဟုတ်တယ် စီနီယာအကိုကသူ့ကလေးနေမကောင်းလို့တဲ့ သူ့အစားOTဆင်းပေးလိုက်တာ"

"ညီမလေးကစောင့်နေတာကို ဟင့်"

"မနက်ဖြန်ကြမှပေါ့နော်"

"အင်း အဲ့ဒါဆိုထမင်းစားပြီးအိပ်တော့မယ်"

"ဟုတ်ပါပြီ ခင်ဗျ"

"ဘိုင့်"

"ဘိုင့်"

ယူဂျင်း ဖုန်းချပြီးလုပ်လက်စအလုပ်ကိုဆက်လုပ်နေလိုက်သည်။ ခုကဆယ်နာရီဆိုတော့ဆယ့်တစ်လောက်ဆိုပြီးမှာပါ။ အဲ့ကြပြန်လို့ရပါသေးတယ်။ယူဂျင်း တွေးနေတုန်းပဲရှိသေး..

ဂျောက်*

ယူဂျင်းကြားတာမမှားဘူးဆိုရင် ကော်ရစ်တာဘက်ကပဲ။

*ညဘက်ကြီး ကုမ္ပဏီကိုသူခိုးများဝင်တာလား??အရေးကြီးအချက်အလက်တွေလာခိုးတာထင်တယ်??*

ယူဂျင်း ကော်ရစ်တာဘက်ထွက်ကြည့်ဖို့ပြင်လိုက်သည်။လက်ထဲကလည်း အမြဲဆောင်နေကြ ကျဉ်စက်ကလေးကိုလည်းကိုင်ရင်းပေါ့။

CEO 'sWhere stories live. Discover now