[ကိုယ်က မင်းအပိုင်ဖြစ်ပေးမယ်]
<>
မနက်ဖြန်ဘုရားပွဲနေ့ဖြစ်တာကြောင့်
မနက်ပိုင်းကိုအလှူလုပ်ဖို့အတွက်
မနက် လေးနာရီထဲက အကုန်ပြင်ဆင်ရတာမို့
ရွာဦးကျောင်းမှာလူတွေအကုန်စုလို့ငါးနီတူခြောက်ကိုအစပ်ကြော်မှာမို့ ကြက်သွန်နွှာတဲ့ဝိုင်းကတစ်ဝိုင်း ထိုဝိုင်းမှာတော့ နှင်းရည်ရယ် စံပယ်ရယ် သဇင်ရယ်ရွာထဲက အဒေါ်ကြီးတွေရယ်
ပဲကုလားဟင်းအတွက်လည်းအသီးအရွက်
ပြင်ဆင်နေတဲ့ဝိုင်းကတစ်ဝိုင်း
သရက်ချဉ်သုပ်အတွက် သရက်ကြီးခြစ်နေတဲ့လူတွေရယ် အသားအဟင်းအတွက်အသားကိုင်တဲ့လူတွေလည်း စည်စည်ကားကားရှိလို့နေ၏"စံပယ် ကြက်သွန်ကိုဘယ်လိုနွာနေတာလဲ ငါ့ဆီကို အခိုးရိုက်နေပြီဟဲ့ "
"နင်ဟာနင်နွှာလို့ မွှန်တာလေ ငါနဲ့ဆိုင်လား "
"နင်ငါ့နားကပ်နေလို့လေ "
နှင်းရည်ဆိုတဲ့စွာတေးလန်မလေးကိုဘဲအရူံးပေးပြီးတော့ သူဘဲ တခြားဝိုင်းမှာသွားတော့၏
"အကိုပုံတိုင်းတို့လာပြီဘဲ ဒီအချိန်ကြီးတောင်ချောလိုက်တာ "
လုပ်စရာရှိမလုပ်ဘဲ လိုက်ငေးပြီး အကိုပုံတိုင်းကိုပါ ငမ်းနေတာကြောင့် နှင်းရည်မကျေနပ်စွာဘဲ
"သဇင် နင်အခွံတွေကို သေချာသိမ်းလေ လွှင့်နေပြီဟက် "
"မလွှင့်ပါဘူး "
"လွှင့်တယ်မမြင်ဘူးလား "
"အေအေတောင်းပန်တယ်ဟုတ်ပြီလား "
သဇင်ကလည်း တခြားဝိုင်းမှာသာ သွားကူညီနေလိုက်၏
နှင်းရည်ကတော့ ဘယ်သူမှမရှိလည်း သူဟာနဲ့သူ မွှန်တာကတစ်ပိုင်း အကိုပုံတိုင်းကို တဝန်တိုတာက တစ်ပိုင်းငိုမိနေ၏
"နှင်းရည် အဆင်ပြေလား မွှန်နေတာလား တခြားဝိုင်းသွားလုပ်ချည်သွား"
ရာချီလာမေးတာဖြစ်သည် မျက်ရည်တွေကထွက်ပြီး ရုပ်ကလည်းဆိုနေတော့မည် ဒီရုပ်ကိုအကိုပုံတိုင်းကိုမပြချင်တာကြောင့်
သူ့အကိုရဲ့ ရင်ထဲသို့ တိုးဝှေ့ပြီး မျက်ရည်တွေကိုလည်း အင်္ကျီအဖြူစပေါ်သို့သုတ်နေတာကြောင့် အကုန်ပေကုန်၏
YOU ARE READING
သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)
Randomပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြိုက်နှစ်သက်ရင်တော့ဒါလေးဖတ်ဖို့တောင်းဆိုပါတယ်ရှင့်....။