Part-17

1.6K 80 2
                                    

Unicode

"Tae မောင်အရာအားလုံးကို နောက်ပြန်ဆုတ်လို့ ရရင် ဆုတ်ချင်တယ်၊ မောင်လေ Tae ဗိုက်ပူပူလေးဖြစ်နေမဲ့ပုံလေးကို တွေ့ချင်လိုက်တာ၊ ပြီးတော့ မောင်တို့နှစ်ယောက်ရဲ့ ကလေးလေးကိုလည်း မောင်အရင်ဆုံးမြင်ဖူးချင်တယ်၊ အခုတော့ အဲ့အရာတွေအားလုံးကို မောင်မတွေ့မြင်ရတော့ဘူးပေါ့Taeရယ် ၊ မောင်တွေးရင်း စိတ်မကောင်းဖြစ်ရတယ်၊ Tae မောင်တို့ရင်သွေးလေးကို မွေးဖွားနေတဲ့ အချိန်မှာတောင် မောင်က Taeအနားမှာရှိနေခွင့်မရခဲ့ဘူး....Taeဘာလေးမွေးလည်း သိပ်သိချင်တာပဲTaeရယ် Taeမွေးတဲ့ ကလေးလေးက Taeနဲ့တူရင် သိပ်ကိုချောမှာအမှန်ပဲ၊ အခုဆို မောင်တို့ ကလေးလေး လည်း ကျောင်းနေရတဲ့ အရွယ်ရောက်ပြီပေါ့နော်..."

Jungkook Taehyungနဲ့သူ့ရဲ့ ရင်သွေးလေးအကြောင်းတွေးရင်း Soyarလေးကိုသတိရမိသွားသည်။ မမြင်ဖူးသေးတဲ့ Taehyungရဲ့ ရင်သွေးလေးကိုပုံဖော်ကြည့်မိတော့ Soyarလေးက မျက်လုံးထဲပေါ်သည်။ သူSoyarအပေါ်တာဝန်မကျေမှုတွေများခဲ့သည်။ Soyarကို မွေးတုန်းကလည်း သူဆေးရုံကိုလိုက်မသွားခဲ့ ၊ ​ဆေးရုံက
ဆင်းလာတော့လည်း Soyarကိုလုံးဝသွားမကြည့်ခဲ့၊ Soyarငိုသံကြားရင်တောင် သူမှာ စိတ်ရှုပ်လို့ Han Soheeကို မာန်မဲမိသေးသည်။ Soyarအကြောင်းခေါင်းထဲရောက်လာပြန်တော့ Soyarအပေါ် တာဝန် မကျေမှုတွေက များခဲ့ပါလားလို့တွေးမိပြန်သည်။ Han Soheeကိုမုန်းတဲ့စိတ်နဲ့ Soyarအပေါ်မှာပါ သူမုန်းမိသလားလို့လည်းသူ့ကိုသူပြန်ကာမေးခွန်းထုတ်နေမိသည်။

!ဟူး ငါSoyarအပေါ် တော်တော်တာဝန်မကျေခဲ့​တာပဲ....Soyarအပေါ်တင်မဟုတ်ဘူး ငါက ငါ့သွေးသားတွေပေါ်မှာ တာဝန်မကျေတဲ့ ဖခင်တစ်ယောက်ဖြစ်နေတာပဲ....!

Jungkookလည်းတွေးရင်းရှေ့လျှောက်Soyarအပေါ် ကောင်းကောင်းဆက်ဆံဖို့ပဲဆုံးဖြတ်လိုက်သည်။

"Soyar ကျောင်းသွားတော့မလို့လား..."

Han Soheeလက်ထဲက Soyarကို Jungkook ကောက်ပွေ့လိုက်သည်။

Soyarမှာတော့ Jungkookသူ့ကို ပွေ့ချီလိုက်၍ Jungkookကိုမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေမိသည်။

"Soyarကို ဒီနေ့ ဒယ်ဒီ ကျောင်းလိုက်ပို့ပေးမယ် Soyarလက်ခံလား..."

Jungkookစကားကြောင့် Han Soheeရော Soyarရော အံ့သြသွားကြသည်။

သူ့အတွက်ဖြစ်တည်မှုKde žijí příběhy. Začni objevovat