Chapter 2 (When time come back)

1.2K 49 3
                                    

Unicode

လည်ပင်းတစ်လျှောက်မှာ ဖြတ်စီးနေတဲ့နာကျင်မှုလှိုင်းများ.....

ထိုလှိုင်းတွေနောက်မှာခိုင်စီးမြောနေရရင်း လှိုင်းလေးတွေကငြိမ်သက်သွားလေရဲ့။

ခိုင့်နာကျင်မှုတွေလည်းလျော့သွားပြီး....ခိုင့်ရဲ့အဆုံးသတ်ကိုကြည့်ရန် အားတင်းလိုက်သည်။

ခိုင်မျက်လုံးဖွင့်လိုက်တော့ ခိုင့် အခန်းထဲမှာ.... ခိုင် ခိုင်မသေသေးဘူးလား ခိုင်ကိုယ့်ကိုကိုယ်သတ်သေလိုက်တာသေချာပါတယ်....

"ဟဲ့ မိခင်ကလျာခိုင်! "

အမေ့ရဲ့အသံ ခိုင့်အမေရဲ့အေးစက်လှတဲ့အသံ...

"နင် ငါတို့ကိုကျေးဇူးဆပ်နေတာလားဒုက္ခပေးနေတာလား နင်အိမ်ကိုပြန်လာတာသုံးလရှိနေပြီ ငါတို့နင့်အကောင်စီမှာ ဒုက္ခ မရောက်ချင်ဘူး ''

ဒီလိုအေးစက်စက်စကားတွေကိုခိုင်ကျင့်သားရနေပါပြီ ခိုင်ကသူတို့အိမ်ထောင်မှာ မလိုချင်ဘဲရခဲ့တဲ့ကလေး..ခိုင့်ညီမကတော့ အစစအရာရာ အချစ်ခံရတဲ့သူ...

''အော် နင့်ကိုငါပြောရအုန်းမယ် နင့်ယောကျာ်း မြန်မာ ကိုလာတော့မယ်လို့ပြောတယ်။ နင်ဒီတစ်ခါသူ့စီမှာပြဿနာရှာပြီး​မြန်မာကို ပြန်မလာနဲ့ ငါတို့လည်းနင့်ကြောင့်ဒုက္ခမရောက်ချင်ဘူး ''

ခိုင်...ခိုင်က သူ့ကို ကိုယ့်ကိုကိုယ်သတ်သေမယ်လို့ခြိမ်းခြောက်ပြီး မြန်မာကိုပြန်လာခဲ့တဲ့အချိန်ကိုပြန်ရောက်နေတာပဲ.... ခိုင်အချိန်နောက်ပြန်ရောက်လာတာပဲ!

''ပြီးတော့မနက်စာက ကိုယ့်ဟာကိုယ်ဝယ်စားလိုက်
နင့်ဖို့ငါတို့မချက်ထားဘူး''

အမေက ခိုင့်ကိုထိုလူနဲ့ရပြီးကတည်းက ခိုင့်ကိုအရင်ကထက်ပို၍ပင် သူနဲ့မဆိုင်သောသူတစ်ယောက်လိုမျိုးခိုင့်ကို ပစ်ပယ်ထားသည်။

ခိုင်သူ့ကို သဘောမကျပဲနဲ့ လက်ထပ်ထားရတာတောင်မှပေါ့။

ခိုင့်အမေတစ်ယောက်အဲ့ဒီလိုသာပြောပြီးထွက်သွားတော့သည်..

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now