14

6.8K 413 145
                                    

သူငယ်ချင်းတွေကလည်း သူ့ကိုကြည့်မရတာကြောင့် သူတို့ဖုန်းနဲ့ထယ်ဟျောင်းကိုခေါ်ပေးပါလို့ပြောတာကို နှစ်ယောက်စလုံးက အဖတ်မလုပ်သလိုသူကိုရှေ့မှာထားပြီးရှိတယ်လို့တောင် မထင်ကြ..

အိမ်ပြန်လာပြီး လမ်းဘေးအများပြည်သူသုံးတယ်လီဖုန်းကနေ ဆက်ပြန်တော့လည်းအပြင်ဖုန်းမို့လို့ ထယ်ဟျောင်းကမကိုင်

စိတ်တွေဘယ်လောက်ထိတောင်မကပ်တော့လည်းဆို ကားကိုလမ်းဘေးမှာရပ်ပြီးဖုန်းဝင်ဆက်တာ ဖုန်းမရတော့ကားကြီးထားပြီး လမ်း လျှောက်ပြီး အိမ်ပြန်ဖို့လုပ်တာ ကားလမ်းကူးခါနီး မီးနီတာကိုဖြတ်ကူးလို့ကားတွေဟွန်းတီးမှအသိပြန်ဝင်လာကာ ကားကျန်ခဲ့လို့ကားပြန်ယူရတဲ့သူအဖြစ်.

" ထယ်ဟျောင်းရေ မင်းကြောင့်ငါစိတ်တွေလွတ်ထွက်ကုန်ပြီ ဖုန်းလေးပြန်ဖွင့်ပေးပါကွာ ကျေးဇူး ပြု၍ ဖုန်းလေးဖွင့်ပေးပါ "

ဆုံးဖြတ်ကာ ထယ်ဟျောင်းကုမ္မဏီရှိရာသို့လိုက်သွားတော့ ရုံးရဲ့ဧည့်ကောင်တာက ဧည့်သည်လာကြောင်းပြောတာကိုအပေါ်ကငြင်းလွှတ်လိုက်လို့ လှည့်ပြန်လာရပြန်တဲ့ဂျောင်ဂု..

သူများကုမ္မဏီရှေ့ခါးကြီးထောက်လို့ရပ်ကာ အပေါ်ကိုမေ့ာကြည့်နေသေးတဲ့ ဂျောင်ဂု တကယ်တော့ ထယ်ဟျောင်းက ကုမ္မဏီ မှာလည်းမရှိ show ပွဲလုပ်မယ့်နေရာမှာ ဂျောင်ဂုလာမှာသိနေတာကြောင့် ဧည့်ကြိုကောင်တာကို နာမည်ပြောပြီး အဲ့လူရောက်လာရင်ဖုန်းဆက်သလိုလုပ်ပြီး ငြင်းပေးဖို့မှာထားခဲ့သည့် ဂင်မ်ထယ်ဟျောင်းရဲ့ ကလဲ့စား..

မတက်နိုင်တော့လည်း အိမ်ကိုသာပြန်ရောက်လာသည်..အိမ်ရောက်ပြန်တော့လည်း အိမ်ရှေ့ဆိုဖာကြီးပေါ်မှာ ပက်လက်ကြီးလူသေကြီးလို့နေနေသည်..

တညလုံးထိုဆိုဖာပေါ်မှာပက်လက်ကြီး မျက်လုံးကြီးကြောင်ကာ မျက်နှာကြပ်ကြီးကိုကြည့်လို့ အိပ်လည်းမအိပ်နိုင် အဲ့တိုင်းကြီးမနက်မိုးအလင်းကိုစောင့်နေတဲ့ဂျောင်ဂု..

မနက်လင်းတာနဲ့ချက်ချင်းပဲဖုန်းကိုကောက်ကိုင်ကာ ထယ်ဟျောင်းစီဆက်လိုက်တော့ ချက်ချင်းပဲဝင်လို့သွားတဲ့ဖုန်း ဒါပေမယ့်တဖတ်ကတော်ရုံနဲ့မကိုင်သေး

𝕄𝕣. 𝕄𝕣 (complete) Dove le storie prendono vita. Scoprilo ora