12

6.1K 374 90
                                    

ထယ်ဟျောင်း ဂျောင်ဂုနဲ့တွေ့ပြီးထဲက အလုပ်လည်းပြန်မသွားတော့ပဲ ကားနဲ့သာလူသူရှင်းတဲ့နေရာကိုမောင်းထွက်လာခဲ့လိုက်တော့သည်..

လူသူရှင်းတဲ့ကားလမ်းဘေးတနေရာမှာကားကိုထိုးရပ်လိုက်ပြီး တချိန်လုံးငူငူကြီးထိုင်နေတဲ့
ထယ်ဟျောင်းစဥ်းစားလေ ပါးပြင်ပေါ်မျက်ရည်တို့ကစီးကျလာလေပဲ..

" အဟင့် ဘာလို့လည်း ဘာလို့ဒီစကားမျိုးကိုပြောထွက်ရတာလည်း ငါပြောမယ့်စကားကိုဆုံးအောင်ဘာလို့နားမထောင်ရတာလည်း ငါဖြစ်နေလို့လား မင်းမုန်းတဲ့ငါဖြစ်နေလို့လား ဘာလို့လည်း ဘာလို့လည်း ဘာလို့လည်း!!!!"

ကားစတီယာတိုင်ကိုတဘုံးဘုံးနဲ့ထုကာအော်ဟစ်ငိုကြွေးနေတဲ့ ထယ်ဟျောင်း

" ချစ်တယ် ချစ်တယ် ချစ်တယ်လို့ မင်းကိုငါချစ်တယ်လို့ ဂျွန်ဂျောင်ဂု ခွေးလိုကောင်ရဲ့ ဟင့် အားးးးးးချစ်တယ် ချစ်တယ် ငါမင်းကိုချစ်မိသွားပြီ ဟင့် "

" ငါတောင်းပန်နေတယ်လေ ငါစကားကိုဆုံးအောင်နားထောင်ပေးလို့မရဘူးလား ဘာလို့ ယူရီနဲ့ယှဥ်ရင် အမြဲနောက်ပို့ခံရတာလည်း မကြိုက်ဘူး!!!! "

...

အထက်တန်းကျောင်းသားအရွယ်ကပေါ့ ကျောင်းမှာ အားကစားချိန် ဘောလုံးပစ်တိုင်းကစားကြသည်.ဖြစ်ချင်တော့ ထယ်ဟျောင်းနဲ့
ယူရီက တဖွဲ့ထဲကျသည်..ဂျောင်ဂုကတော့ထိုကစားနည်းမှာမပါ ဘောလုံးကန်ထဲအဖွဲ့နဲ့အတူ ဘောလုံးကစားနေသည်..

ဘောလုံးနဲ့တဖက်အဖွဲ့ကလူကိုထိအောင်ပေါက်တိုင်းကစားနည်းပေါ့..ပွဲစထဲက ထယ်ဟျောင်းနဲ့ ယူရီက သူနဲ့ငါအပြိုင် ဘောလုံးမထိမိအောင် ရှောင်တိန်းလို့ကစားကြပြီး လူအနည်းငယ်သာကျန်တော့အချိန်မှာ တဖက်ကပစ်လိုက်တဲ့ဘောလုံးကိုနှစ်ယောက်သားအတူတူရှောင်လိုက်ချိန် ထယ်ဟျောင်းက ယူရီကိုတိုက်မိလို့ယူရီကလဲကျသွားပေမယ့် ထယ်ဟျောင်းကတော့မျက်နှာတည့်တည့်ဘောလုံးမှန်လို့သွားသည်..
ထယ်ဟျောင်းနဲ့ တိုက်မိလို့ ယူရီလဲကျသွားတယ်ကြားတာနဲ့ဘောလုံးကန်ရင်းအပြေးရောက်လာတဲ့ ဂျောင်ဂု.

" ယူရီ ဘာဖြစ်သွားသေးလည်း "

ယူရီက တိုက်မိလို့လဲကျသွားတာကြောင့် တ တောင်ဆစ်အနည်းငယ်ပွန်းရုံလောက်သာဖြစ်သွားတာကို ယူရီတတောင်ဆစ်ကိုကိုင်ကာကြည့်ပြီးတဖက်သို့လှည့်ကာ ထယ်ဟျောင်းကိုအပြစ် ပြောလိုက်တဲ့ဂျောင်ဂု..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now